Web စာမျက်နှာသစ်ဖွင့်လှစ်ခြင်း…
ဒီကနေ့ ၁၃၇၃ခုနှစ်၊ တဆောင်မုန်းလပြည့်ကျော် ၁ရက် (သောကြာ)နေ့၌ ကျန်ုပ်တို့သာသနာ့ရောင်ခြည် Web စာမျက်နှာ ကိုအသွင်သစ်ဖြင့် ပြန်လည်ဖော်ပြလိုက်ပါတယ်။ ဤစာမျက်နှာကို Myanmar Unicode ဖြင့်ရေးသားထားပြီး မည့်သည့် ကွန်ပြူတာဖြင့်မဆို Myanmar Unicode ဖောင့် မရှိသော်လည်း ဖတ်ရှု့၍ ရအောင် ဖန်တီးထားပါတယ်။
ဤဝဘ်စာမျက်နှာကို ပြုလုပ်ရခြင်း ၏ရည်ရွယ်ချက်မှာ UAE နိုင်ငံတွင်း၌ အလုပ်လုပ်ကိုင်နေကြသော မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင် များအနေဖြင့် အမျိုးဘာသာ သာသနာ ကိုမမေ့မလျှော့ ကြဘဲ အခအားလျှော်စွာ ကောင်းမူ့ကုသိုလ် များပြုခဲ့ကြ သည်ကို မှတ်တမ်းတစ်ခုအနေဖြင့် သိမ်းစည်းထားခြင်း ဖြစ်ပါသည်။ ဤမှတ်တမ်းများကို ကြည့်ရှု့ ရသူတို့မှာလည်း မုဒိတာပွား၍ ကုသိုလ်ပြုလိုစိတ် များနိုးကြားနိုင်ကြပါစေဟု ကျန်ုပ်တို့ သာသနာ့ရောင်ခြည် မိသားစု မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
ဓမ္မမိတ်ဆွေ များအနေဖြင့် မိမိတို့ပြုချင်သော ကုသိုလ်ကောင်းမူ့ ဒါနများပြုလုပ်လိုပါက ကျန်ုပ်တို့သာသနာ့ရောင်ခြည်မိသားစု အား အချိန်အခါမရွေး ဆက်သွယ် နိုင်ပါတယ်ခင်ဗျာ။
ဓမ္မမိတ်ဆွေများ၏ ကမ်းသောလက်အား နွေးထွေးစွာကြိုဆိုလျှက်…
သာသနာ့ရောင်ခြည်
ရွှေမြန်မာမိသားစု(ခေတ္တ- UAE)
၂၀၁၁ – ခုနှစ် Dubai မြို့၌ကျင်းပခဲ့သောဓမ္မပူဇာသဘင်
တရားပွဲကျင်းပချိန် ၌ ရုပ်သံ တိုက်ရိုက် ထုတ်လွှင့်ခဲ့သော မှတ်တမ်းအား ပြန်လည်ကြည့်ရှု့နိုင်ပါတယ်ခင်ဗျာ…
သာသနာ့ရောင်ခြည်
ရွှေမြန်မာမိသားစု၊ ခေတ္တ – UAE
၂၀၁၁ – ခုနှစ် Abu Dhabi မြို့၌ကျင်းပခဲ့သောဓမ္မပူဇာသဘင်
တရားပွဲကျင်းပချိန် ၌ ရုပ်သံ တိုက်ရိုက် ထုတ်လွှင့်ခဲ့သော မှတ်တမ်းအား ပြန်လည်ကြည့်ရှု့နိုင်ပါတယ်ခင်ဗျာ…
အမှတ်တရ မှတ်တမ်းဓာတ်ပုံများ -
သာသနာ့ရောင်ခြည်
ရွှေမြန်မာမိသားစု၊ ခေတ္တ – UAE